Trending
Loading...
Friday, September 5, 2014

အင်တာနက်အကြောင်းသိကောင်းစရာ

ညီလေးညီမလေးတို့ရေ တိုးတက်လာတဲ့ခေတ်နဲ.အညီ အင်တာနက်ဆိုတာလဲပေါ်ပေါက်လာခဲ့ပြီနော်။
အင်တာနက်ဆိုတာက သုံးတတ်ရင်ဆေး၊မသုံးတတ်ရင်တော့ဘေးဖြစ်မှာလို့ဆိုနိုင်ပါတယ်။ဘာလို့လဲဆို
တော့..... အင်တာနက်မှာလွတ်လပ်စွာချက်တင်တွေဝိုင်းဖွဲ့စကားပြောလို့ရတယ်။သီးသန့်၂ယောက်တည်းလဲ
ပြောလို့ရတယ်။ဗွီဒီယိုတွေမျှဝေလို့ရတယ်။နည်းပညာနဲ.ပါတ်သတ်တာတွေလေ့လာလို့ရတယ်။အစုံပါပဲ။
ကိုယ်သုံးတတ်ရင်တော့ တကယ့်မှော်တုတ်တံတစ်ချောင်းလိုပါပဲ။ဒါပေမဲ့အပေါ်မှာပြောသလိုပါပဲ သုံးတတ်
ရင်တော့ဆေး မသုံးတတ်ရင်တော့ဘေးပေါ့။

၁။အချက်က အင်တာနက်ရှိနေရုံနဲ့သုံးလို့ရတဲ့ Viber Tango VZO အစရှိသဖြင့်ပုံတွေ စာတွေ      ဗွီဒီယိုတွေအပြန်အလှန်ပေးပို့လို့ရတဲ့ ချက်တင်တွေကနေ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေ
လွယ်ကူစွာပေးပို့လို့ရနေတဲ့အကြောင်းရင်းပါပဲ။အဲဒီအချက်တွေကလဲ စိုးရိမ်စရာပါ။ဘာလို့လဲဆိုတော့ တကယ်လို့များ တစ်စုံတစ်ဦးက သင့်ရဲ.အချက်အလက်တွေ(ပုံတွေ ဗွီဒီယိုတွေကို)ကြားဖြတ်ရယူသွားမယ်ဆို
ရင် သင်တိုင်ပါတ်ပါပြီ.။နောက်တစ်ခုက သင့်ရည်းစားနဲ့သီးသန့်ချက်ကြမယ်ဆိုပါတော့ အဲဒါမျိုးတွေမှာ ကိုယ်က သမီးရည်းစားပဲဆိုပြီးယုံကြည်စွာနဲ့ မမြင်အပ် မမြင်သင့်တာတွေဓါတ်ပုံများရိုက်ပို့လိုက်မိခဲ့ရင်
သွားပြီ တစ်ဘ၀လုံးစာပါပဲ အရှက်တကွဲအကျိုးနည်းမဲ့ဖြစ်ရပ်သာဓကတွေအများကြီးပါ။
နောက်တစ်ခုက Viber Facebook Tango အစရှိတဲ့ချက်တွေမှာ မိမိမသိတဲ့သူတွေနဲ့ရင်းနှီးအောင်မကြိုးစေချင်ပါဘူး။အရမ်းအန္တရယ်များပါတယ်။တစ်ဘက်က အိမ်ထောင်
ရှိလား၊မရှိလားမသိရပဲနဲ့ သမီးရည်းစားဖြစ်ဖို့မကြိုးစားစေချင်ပါဘူး။အင်တာနက်ပေါ်မှာတော့ မိမိခင်မင်တဲ့
အသိုင်းအ၀ိုင်းကလွဲလို့ကျန်တာယုံကြည်လို့မရပါဘူး။

၂။အချက်က မိမိရဲ.အရေးကြီးတဲ့ဘဏ်အကောင့်တွေနဲ့ မိမိသုံးနေတဲ့email တွေရဲ့လုံခြုံမှုကိုအထူးဂရုစိုက်ပါ။
    မိမိနားမလည်ခဲ့ရင် နားလည်တတ်ကျွမ်းသူများနှင့်ဆွေးနွေးတိုင်ပင်ပါ။လုံခြုံရေးအတွက်စာအုပ်များ
    အလွယ်တကူရရှိနိုင်ပါတယ်အင်တာနက်မှာ။ဖတ်ကြည့်ပြီးလိုက်လုပ်ရုံပါပဲ။
ဒီနေ့တော့ဗဟုသုတဖြစ်ဖွယ်ရာအဖြစ်ဒီလောက်ပဲတင်ပြပါ့မယ်ခင်ဗျာ။
                                                                        (ကိုကျော်ကြီး ကျောင်းကြီးလမ်း ကြို့ပင်ကောက်မြို့)

0 မှတ်ချက်:

Post a Comment

မင်္ဂလာပါခင်ဗျာ.....
လိုအပ်တာများ ရှိရင် Comments များပေးပြီး အကြံပြုဝေဖန်နိင်ပါသည်
လင့်ပျက်များရှိပါကလည်း comment ဘောက်တွင်ရေးသားပြီး ပြောကြားနိုင်ပါသည်။
အလုပ်တစ်ဖက်နဲ့ ပြုလုပ်ထားသည့်မို့ ပိုစ့်များကြီးမတင်နိင်တာ ခွင့်လွှတ်ကြပါ
ဒီဆိုဒ်မှားရေးသားလိုပါကလည်း Admin အားအကြောင်းကြားနိုင်သည်။

အပေါ်သို့ပြန်သွားမည်